Tuesday, 16 September 2014

ကျွန်တော့blogကိုဖုန်းမှဝင်ရန်apkယူထားလိုက်ပါနော်

https://db.tt/nGNOG9Lh

hanmoekyaw

မင်္ဂလာပါ

မြန်မာစာ

မြန်မာစာကို မှန်ကန်အောင် ဘယ်လိုရေးမလဲ (၁၀)၊
ကြိယာဝိသေသန (ကြိယာကို အထူးပြုတဲ့ပုဒ်/ စကား
လုံး) နဲ့ ကြိယာ (ပြုခြင်း/ ဖြစ်ခြင်း/ ရှိခြင်းကို ပြတဲ့ပု
ဒ်/ စကားလုံး)
မြန်မာစာကို မှန်ကန်အောင် ဘယ်လိုရေးမလဲ (၉) မှ
ာ သက်ဆိုင်ရာနာမဝိသေသန နဲ့ သက်ဆိုင်ရာနာမ်
ကပ်ထားမှ ပုဒ်အထားအသို မှန်ကန်နိုင်ကြောင်းကို
ကျွန်တော်ရေးခဲ့ပါတယ်။ အခု သက်ဆိုင်ရာကြိယာဝိ
သေသန နဲ့ သက်ဆိုင်ရာကြိယာတို့ ဘယ်လိုနီးနီးက
ပ်ကပ်ထားရမလဲဆိုတဲ့အကြောင်းကို ဆက်ရေးချင်ပါ
တယ်။
“ကြိယာ” ဆိုတာ “ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းကို ပြတဲ့
စကားလုံး” ဖြစ်ကြောင်း အားလုံးသိပြီးဖြစ်မှာပါ။
“ကြိယာဝိသေသန” ကိုတော့ မြန်မာအဘိဓာန်မှာ စ
ာမျက်နှာ (၃၂) မှာ - “ကြိယာဝိသေသန / - ဝိသေသ
နာ့/ န - (သဒ္ဒါ) ကြိယာကို အထူးပြုသောပုဒ်။” လို့
အနက်ဖွင့်ထားပါတယ်။ ထို့အတူ မြန်မာသဒ္ဒါကျမ်း
စာမျက်နှာ ၃၀၉ မှာ - “ကြိယာကို အထူးပြုသောပုဒ်
ကို ကြိယာဝိသေသနဟုခေါ်သည်။” လို့အနက်ဖွင့်ထ
ားပါတယ်။
ဒါကြောင့် ကြိယာဝိသေသနရဲ့တာဝန်ဟာ ကြိယာကို
အထူးပြုဖို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် “ကြိယာဝိသေသ
နက ကြိယာကို ဘယ်လိုနည်းနဲ့ အထူးပြုသလဲ” ဆိုတ
ာကိုလည်း သိထားဖို့ လိုအပ်လာပါတယ်။
ကြိယာဝိသေသနက ကြိယာကို နည်းလမ်း (၅) မျိုးနဲ့
အထူးပြုပါတယ်။
(၁) အချိန်ပြကြိယာဝိသေသန
ကြိယာရဲ့ ပြုတဲ့၊ ဖြစ်တဲ့၊ ရှိတဲ့ အချိန်ကာလကို ဖော်ြ
ပခြင်းအားဖြင့် ကြိယာကို အထူးပြုပါတယ်။ ဥပမာ -
“ရန်ကုန် - မန္တလေးအမြန်ရထားသည် မကြာမီ ဆို
က်မည်။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ “မကြာမီ” ဆိုတဲ့ကြိ
ယာဝိသေသနက “ဆိုက်မည်” ဆိုတဲ့ ကြိယာရဲ့ ဆိုက်
မယ့်အချိန်ကို ဖော်ပြခြင်းအားဖြင့် အထူးပြုတာဖြစ်ပ
ါတယ်။ အဲဒီအတိုင်းပဲ “အဖေသည် မန္တလေးသို့ နက်ြ
ဖန် သွားမည်။”၊ “ဤကိစ္စကို ယခု ဆောင်ရွက်ပါ။”၊
“မီးလောင်လျှင် မီးသတ်ကို ချက်ချင်း အကြောင်းကြာ
းပါ။”၊ “ယခင်က ဆိုခဲ့သည့်အတိုင်း သဘောတူကြသ
ည်။” ဆိုတဲ့ဝါကျတွေမှာ “နက်ဖြန်” (ကြိယာဝိသေသ
န)က “သွားမည်” (ကြိယာ) ကိုလည်းကောင်း၊ “ယခု
” (ကြိယာဝိသေသန)က “ဆောင်ရွက်ပါ” (ကြိယာ)
ကို လည်းကောင်း၊ “ချက်ချင်း” (ကြိယာဝိသေသန)က
“အကြောင်းကြားပါ” (ကြိယာ) ကိုလည်းကောင်း၊ “
ယခင်က” (ကြိယာဝိသေသန)က “ဆိုခဲ့သည်” (ကြိယ
ာ) ကိုလည်းကောင်း ကြိယာရဲ့ ပြု၊ ဖြစ်၊ ရှိ တဲ့ အချိန်
ကို ဖော်ပြခြင်းအားဖြင့် အထူးပြုကြောင်း မြင်တွေ့နို
င်ပါတယ်။
(၂) အမူအရာပြကြိယာဝိသေသန
ဆောင်ရွက်ပုံအမူအရာကိုပြခြင်းအားဖြင့် ကြိယာကို
အထူးပြုပါတယ်။ ဥပမာ - “ဘကြီးဖြိုးသည် ကွမ်းကို
တမြုံ့မြုံ့ ဝါးနေသည်။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ “တြ
မုံ့မြုံ့” ဆိုတဲ့ ကြိယာဝိသေသနက “ဝါးနေသည်” ဆို
တဲ့ကြိယာကို ဝါးနေပုံအမူအရာကို ပြခြင်းအားဖြင့်
အထူးပြုတာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ “လမ်းလျှော
က်တတ်စ ကလေးငယ်သည် ဒယိမ်းဒယိုင် လျှောက်
လာသည်။”၊ “မိခင်သည် သားငယ်ကို ယုယုယယေ
ထွးပိုက်ထားသည်။”၊ “နိုင်ငံတော်အလံကို ညီညီညာ
ညာ အလေးပြုကြသည်။”၊ “စကားကို ချိုသာစွာ ပြော
ဆိုပါ။” ဆိုတဲ့ဝါကျတွေမှာ “ဒယိမ်းဒယိုင်” (ကြိယာဝိေ
သသနက) က “လျှောက်လာသည်” (ကြိယာ) ကိုလည်
းကောင်း၊ “ယုယုယယ” (ကြိယာဝိသေသန) က “ထွေ
းပိုက်ထားသည်” (ကြိယာ) ကိုလည်းကောင်း၊ “ညီညီ
ညာညာ” (ကြိယာဝိသေသန) က “အလေးပြုကြသည်
” (ကြိယာ) ကိုလည်းကောင်း၊ “ချိုသာစွာ” (ကြိယာဝိေ
သသန)က “ပြောဆိုပါ” (ကြိယာ) ကိုလည်းကောင်းြ
ပုမူဆောင်ရွက်ပုံ အမူအရာကို ဖော်ပြခြင်းအားဖြင့်
အထူးပြုကြောင်း မြင်တွေ့နိုင်ပါတယ်။
(၃) အခြေအနေပြကြိယာဝိသေသန
ဖြစ်ပျက်ပုံအခြေအနေကိုပြခြင်းအားဖြင့် ကြိယာကို
အထူးပြုပါတယ်။ ဥပမာ - “သစ်ပင်ကြီးသည် လမ်းေ
ပါ်၌ ကန်လန့် လဲကျနေသည်။” ဆိုတဲ့ဝါကျကို ကြည့်
ပါ။ “ကန့်လန့်” ဆိုတဲ့ ကြိယာဝိသေသနက “လဲကျနေ
သည်” ဆိုတဲ့ ကြိယာကို ဖြစ်ပျက်နေပုံ အခြေအနေ
ကို ပြခြင်းအားဖြင့် အထူးပြုတာဖြစ်ပါတယ်။ အဲဒီအ
တိုင်းပဲ “မိုးသည် သည်းထန်စွာ ရွာသည်။”၊ “စာအု
ပ်များကို စင်ပေါ်မှာ သပ်သပ်ရပ်ရပ် စီထားပါ။”၊ “ြ
ကိုးစားလျှင် မုချ အောင်မြင်မည်။”၊ “သူ့အကြောင်း
ကို ကျွန်တော် အသေအချာ သိပါသည်။” ဆိုတဲ့ဝါကျ
တွေမှာ “သည်းထန်စွာ”(ကြိယာဝိသေသန) က “ရွာ
သည်” (ကြိယာ) ကို လည်းကောင်း၊ “သပ်သပ်ရပ်ရပ်
” (ကြိယာဝိသေသန) က “စီထားပါ” (ကြိယာ)ကို လ
ည်းကောင်း၊ “မုချ” (ကြိယာဝိသေသန)က “အောင်မြ
င်မည်” (ကြိယာ) ကိုလည်းကောင်း၊ “အသေအချာ” (ြ
ကိယာဝိသေသန)က “သိပါသည်” (ကြိယာ)ကို လည်း
ကောင်း ဖြစ်ပျက်ပုံအခြေအနေတွေကို ဖော်ပြခြင်း
အားဖြင့် အထူးပြုကြောင်း မြင်တွေ့နိုင်ပါတယ်။
(၄) ပမာဏပြကြိယာဝိသေသန
မည်ရွေ့မည်မျှပမာဏကို ပြခြင်းအားဖြင့် ကြိယာကို
အထူးပြုပါတယ်။ ဥပမာ - “အစာကို များများစားလျှင်
ဘေးဖြစ်တတ်သည်။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ “မ်ားမ်
ား” ဆိုတဲ့ ကြိယာဝိသေသနက “စား” ဆိုတဲ့ကြိယာကို
မည်ရွေ့မည်မျှ ပမာဏကိုပြခြင်းအားဖြင့် အထူးပြု
တာဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ “စကားကို နည်းနည်
းပြော၍ အလုပ်ကို များများလုပ်ပါ။”၊ “အစားကို အ
ကုန်စား၊ စကားကို အကုန်မပြောနှင့်။”၊ “မူးယစ်ေ
ဆးဝါးသုံးစွဲခြင်းကို လုံးဝ ရှောင်ကြဉ်သင့်သည်။”၊ “ြ
ပင်ဦးလွင်ရှုခင်းများသည် အလွန်လှပသည်။” ဆိုတဲ့
ဝါကျတွေမှာ “နည်းနည်း” (ကြိယာဝိသေသန)က “ြေ
ပာ” (ကြိယာ) ကိုလည်းကောင်း၊ “များများ” (ကြိယာ
ဝိသေသန)က “လုပ်” (ကြိယာ) ကိုလည်းကောင်း၊ “
အကုန်” (ကြိယာဝိသေသန) က “စား” (ကြိယာ) ကို
လည်းကောင်း၊ “အကုန်” (ကြိယာဝိသေသန) က “ြေ
ပာ” (ကြိယာ) ကိုလည်းကောင်း၊ “လုံးဝ” (ကြိယာဝိေ
သသန)က “ရှောင်ကြဉ်” (ကြိယာ)ကိုလည်းကောင်း၊
“အလွန်” (ကြိယာဝိသေသန) က “လှပသည်” (ကြိယ
ာ) ကိုလည်းကောင်း မည်ရွေ့မည်မျှပမာဏကို ဖော်ြ
ပခြင်းအားဖြင့် အထူးပြုကြောင်း မြင်တွေ့နိုင်ပါတ
ယ်။
(၅) အမေးကြိယာဝိသေသန
မေးမြန်းခြင်းအားဖြင့် ကြိယာကို အထူးပြုပါတယ်။ ဥ
ပမာ - “အစာကို ကြေညက်အောင် မည်သို့ စားရမ
ည်နည်း။” ဆိုတဲ့ဝါကျကို ကြည့်ပါ။ “မည်သို့” ဆိုတဲ့ကြိ
ယာဝိသေသနက “စား” ဆိုတဲ့ကြိယာကို မေးမြန်းခြ
င်းအားဖြင့် အထူးပြုတာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ
“ကျောင်းသင်ခန်းစာများကို မည်ကဲ့သို့ ကျက်သင့်သ
နည်း။”၊ “ဤလိမ္မော်သီး မည်မျှ ချိုသနည်း။”၊ “သူ့အေ
ကြာင်းကို မင်း ဘယ်လောက်သိလဲ။”၊ “လူချစ်လူခင်
များလိုလျှင် စကားကို ဘယ်လို ပြောသင့်သလဲ။” ဆို
တဲ့ဝါကျတွေမှာ “မည်ကဲ့သို့” (ကြိယာဝိသေသန) က “
ကျက်” (ကြိယာ) ကိုလည်းကောင်း၊ “မည်မျှ” (ကြိယာ
ဝိသေသန)က “ချို” (ကြိယာ) ကိုလည်းကောင်း၊ “ဘ
ယ်လောက်” (ကြိယာဝိသေသန) က “သိ” (ကြိယာ)
ကိုလည်းကောင်း၊ “ဘယ်လို” (ကြိယာဝိသေသန) က
“ပြော” (ကြိယာ) ကိုလည်းကောင်း မေးမြန်းခြင်းအာ
းဖြင့် အထူးပြုကြောင်း မြင်တွေ့နိုင်ပါတယ်။
သာဓကပြခဲ့တဲ့ကြိယာဝိသေသနတွေအားလုံးကို ပြန်
ကြည့်ပါ။ ကြိယာဝိသေသနတွေဟာ ကြိယာရဲ့ ရှေ့
ကပ်လျက်မှာပဲရှိတယ်ဆိုတာ တွေ့ရပါမယ်။ ကြိယာ
ဝိသေသန ကို ဝါကျထဲမှာ ဘယ်နေရာမှာထားရမလဲ
ဆိုတာကို ဖော်ပြနေပါတယ်။ ဝါက်ထဲမွာ ႀကိယာဝိေ
သသနကို ကြိယာရဲ့ရှေ့ကပ်လျက်မှာပဲ ထားရတယ်
လို့ အကြမ်းအားဖြင့် မှတ်လို့ရပါပြီ။
ဒါဆိုလျှင် အောက်ကဝါကျကိုကြည့်ပါ။
(၁) မောင်လှသည် လျင်မြန်စွာ ထမင်းစား၍ ကျောင်
းသို့သွားသည်။
အဲဒီဝါကျမှာ ကြိယာဝိသေသနတစ်ခု၊ ကြိယာ နှစ်ခု
ပါပါတယ်။ “လျင်မြန်စွာ” က အမူအရာပြကြိယာဝိေ
သသန ဖြစ်ပြီး “ထမင်းစား” နဲ့ “သွား” က ကြိယာေ
တွဖြစ်ပါတယ်။ ကြိယာဝိသေသနဟာ “ထမင်းစား”
ဆိုတဲ့ ကြိယာဝိသေသနရဲ့ ရှေ့ကပ်လျက်မှာရှိပါတ
ယ်။ ဒါကြောင့် ဒီဝါကျမှာ မောင်လှဟာ ထမင်းကို လျ
င်လျင်မြန်မြန်စားပြီး ကျောင်းသို့ သွားကြောင်း ဖော်ြ
ပနေပါတယ်။
ဒီဝါကျကို ကြည့်ပါဦး။
(၂) မောင်လှသည် ထမင်းစား၍ ကျောင်းသို့ လျင်မြန်
စွာ သွားသည်။
ဒီဝါကျမှာတော့ ကြိယာဝိသေသနက “သွား” ဆိုတဲ့ြ
ကိယာရဲ့ရှေ့ကပ်လျက်မှာ ရှိပါတယ်။ ဒါကြောင့် ဒီဝါ
ကျမှာ မောင်လှဟာ ထမင်းစားပြီး ကျောင်းသို့ လျင်
လျင်မြန်မြန်သွားကြောင်း ဖော်ပြနေပါတယ်။
ကြိယာဝိသေသနရဲ့နေရာလေး ပြောင်းသွားတာနဲ
့တစ်ပြိုင်နက် ဝါကျရဲ့အနက်ဟာ လုံးဝပြောင်းလဲသွာ
းတယ်ဆိုတာ တွေ့ရမှာပါ။ ကိုယ်ရေးလိုတဲ့အနက်ေ
ပ်ါလွင်စေဖို့ သက်ဆိုင်ရာကြိယာဝိသေသနကို သက်
ဆိုင်ရာကြိယာနဲ့ ကပ်ထားရမှာဖြစ်ကြောင်း ထင်ရှား
လောက်ပါပြီ။
ဒီဝါကျကို ကြည့်ပါဦး။
(၃) လယ်တီဆရာတော်သည် သင်္ဘောပေါ်တွင် အမဲ
သားမစားရန် ဟောကြားသည်။
ဒီဝါကျမှာ “သင်္ဘောပေါ်တွင်” ဆိုတဲ့ ကြိယာဝိသေသ
န တစ်ခု၊ “အမဲသားမစား” နဲ့ “ဟောကြားသည်” ဆို
တဲ့ကြိယာနှစ်ခု ပါဝင်ပါတယ်။ ကြိယာဝိသေသနဟာ
“အမဲသားမစားရန်”ဆိုတဲ့ ကြိယာရှေ့ကပ်လျက်မှာ
ရှိပါတယ်။ ဒီဝါကျအတိုင်းဆိုလျှင် “သင်္ဘောပေါ်မှာ
အမဲသားမစားဖို့၊ စားချင်လျှင် အခြားနေရာမှာ စား
ဖို့ လယ်တီဆရာတော်က ဟောကြားတယ်” ဆိုတဲ့အ
နက်သက်ရောက်သွားပါတယ်။ ဝါကျဖွဲ့သူ ဆိုလိုတဲ့
အနက်မှန်က “လယ်တီဆရာတော်က အမဲသားမစား
ကြဖို့ သင်္ဘောပေါ်မှာ ဟောကြားတယ်” ဆိုလိုချင်တ
ာဖြစ်ပါတယ်။ ဒါပေမယ့် ကြိယာဝိသေသနကို သူနဲ
့သက်ဆိုင်တဲ့ ကြိယာနဲ့ကပ်မထားဘဲ မသက်ဆိုင်တဲ့ြ
ကိယာနဲ့ကပ်ထားတဲ့အတွက် အနက်လွဲမှားသွားရခြ
င်းဖြစ်ပါတယ်။ အဲဒီအနက်မှန်ချင်တဲ့အခါ -
“လယ်တီဆရာတော်သည် အမဲသားမစားရန် သင်္ဘေ
ာပေါ်တွင် ဟောကြားသည်” လို့ သက်ဆိုင်ရာကြိယာ
ဝိသေသန “သင်္ဘောပေါ်တွင်” ကို သက်ဆိုင်ရာကြိ
ယာ “ဟောကြားသည်” ရှေ့ ကပ်ထားခြင်းအားဖြင့်ြ
ပင်ပေးရမှာဖြစ်ပါတယ်။ ဒါမှ ဆိုလိုတဲ့အနက် အမှန်
ထွက်လာမှာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာစာကို မှန်ကန်အောင်ရေးတတ်ဖို
့အတွက် ဝါကျထဲက ပုဒ်အထားအသိုတွေကို မှန်ကန်
အောင်ထားရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာကြိယာဝိ
သေသနကို သက်ဆိုင်ရာကြိယာနဲ့ ကပ်ထားရမှာဖြစ်
ပါတယ်ခင်ဗျာ။
ကျန်တဲ့ သက်ဆိုင်ရာ သက်ဆိုင်ရာချင်း ဘယ်လိုနီးနီး
ကပ်ကပ်ထားရမယ်ဆိုတာကို ဆက်ရေးပါဦးမယ်ခင်
ဗျာ။
ကိုယ့်လူမျိုးဘာသာစကား၊ ကိုယ့်လူမျိုးစာပေကို မှန်မှ
န်ကန်ကန် သုံးနိုင်ပါစေဗျာ။
ကျမ်းကိုးစာရင်း
၁။ မြန်မာသဒ္ဒါ၊ မြန်မာစာအဖွဲ့၊ ပထမအကြိမ်၊
၂၀၀၅ ခုနှစ်၊ ဇွန်လ၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
၂။ ပြည်သူ့အတွက် မြန်မာစကားပြေ၊ မောင်ခင်မင်
(ဓနုဖြူ)၊ ဒုတိယအကြိမ်၊ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ၊
ကံ့ကော်ဝတ်ရည်စာပေ။
၃။ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသာြး
ပဿနာများ၊ မောင်ခင်မင်(ဓနုဖြူ)၊ ပထမအကြိမ်၊
၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ကောင်းသန့်စာပေ။
၎။ မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့၊ ပထမအကြိ
မ်၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ မြန်မာစာအဖွဲ့ဦး
စီးဌာန။